Myanmar Embassy Washington DC

Myanmar Embassy Washington DC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Embassy Washington DC, Consulate & Embassy, 2300 S Street NW, Washington D.C., DC.
(12)

အသိပေးကြေညာခြင်း
09/19/2024

အသိပေးကြေညာခြင်း

09/18/2024
09/18/2024

အာဆီယံကော်မတီဝါရှင်တန်နှင့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီတို့ ပူးတွဲကျင်းပသည့် မိတ်ဆက် နှီးနှောဖလှယ်ပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်

(၁၆-၉-၂၀၂၄ ရက်၊ ဝါရှင်တန်ဒီစီ)

အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – AWC) နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (U.S. – ASEAN Business Council, USABC) တို့ပူးတွဲ၍ ဆိုင်ဘာလုံခြုံရေး၊ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၊ အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းကြီးများနှင့် မိတ်ဆက်နှီးနှောဖလှယ်ပွဲကို ဝါရှင်တန်ဒီစီမြို့ရှိ ဖိလစ်ပိုင်သံရုံး၌ ၁၆-၉-၂၀၂၄ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ ဝါရှင်တန်အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကိုယ်စားလှယ်များနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါနှီးနှောဖလှယ်ပွဲ၌ အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး H.E. Mr. Jose Manuel G. Romualdez နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဝါရင့် ဒုတိယ ဥက္ကဋ္ဌ Mr. Marc Mealy တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားသို့ အမေရိကန် နိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီးက လေ့လာသူ အဖြစ်တက်ရောက်ခဲ့ပြီး အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အဖွဲ့ဝင် အမေရိကန် စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်အရာရှိချုပ်များ၊ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် တက်ရောက်လာကြသူများက ရေရှည်တည်တံ့ပြီး ခံနိုင်စွမ်းရှိသော ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်ကဏ္ဍ၊ ဆိုင်ဘာလုံခြုံရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၊ ဒေသတွင်း ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးစသည်တို့နှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အလားအလာများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

***************************************
Chargé d’ Affaires of Myanmar Embassy Attends a Roundtable and Networking Event Jointly Organized by ACW and U.S.- ASEAN Business Council

(16-9-2024, Washington D.C.)

U Thet Win, Chargé d’ Affaires a.i./Minister of the Embassy of the Republic of the Union of Myanmar in Washington, D.C., along with ASEAN Ambassadors, Chargés d’Affaires and representatives from other ASEAN Embassies, attended a roundtable and networking event with private sector jointly organized by the ASEAN Committee in Washington (ACW) and U.S. – ASEAN Business Council (USABC), at the Embassy of the Philippines in Washington, D.C. on the afternoon of 16 September 2024. The roundtable was co-chaired by Mr. Jose Manuel G. Romualdez, Ambassador of the Philippines to the United States, and Mr. Marc Mealy, Senior Vice President of the USABC. The Ambassador of Timor-Leste to the United States was present as an observer, and members of the U.S. – ASEAN Business Council, CEOs and representatives from U.S. businesses also attended the event.

At the Roundtable, the participants exchanged views on prospects of business operations in ASEAN Member States in the areas of the sustainable and resilient supply-chain sector, cybersecurity, infrastructure development, regional maritime transport, logistics, etc.

09/17/2024

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ်များ ပေးအပ်လှူဒါန်း

(၁၇-၉-၂၀၂၄ ရက်၊ နေပြည်တော်)

ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ဆန်အိတ် (၁၀၀)၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုများ၊ ထိုင်းနိုင်ငံရှိကုမ္ပဏီများ၊ ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် စေတနာရှင်များက လှူဒါန်းသည့် ဆန်အိတ် (၅၀၀) စုစုပေါင်း ဆန်အိတ် (၆၀၀) အား ၁၆-၉-၂၀၂၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

09/14/2024

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၂)ကြိမ်မြောက်အာဆီယံ-တရုတ်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၁၃-၉-၂၀၂၄ ရက်၊ ရှီအမ်း)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှီအမ်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

*********************************

Myanmar participates in the 22nd Meeting of ASEAN-China Senior Officials Meeting on the Implementation of the Declaration on the Conduct of Parties in the South China Sea

(13-9-2024, Xian)

Myanmar Delegation led by SOM leader and Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar participated in the 22nd Meeting of ASEAN-China Senior Officials Meeting on the Implementation of the Declaration on the Conduct of Parties in the South China Sea (22nd SOM-DOC) which was held on 13 September 2024 in Xian, China, accompanied by Deputy Director-General and officials from the Department of ASEAN Affairs, Ministry of Foreign Affairs.

09/13/2024
09/09/2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ

(၅-၉-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိ ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

***********************************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives UN Resident and Humanitarian Coordinator a.i. (UN RC/HC a.i.)

(5-9-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Mr. Marcoluigi Corsi, United Nations Resident and Humanitarian Coordinator a.i. (UN RC/HC a.i.), at 1030 hrs on 5 September 2024 at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, they exchanged views on matters related to the existing and further cooperation between the Government of Myanmar and the United Nations agencies.

Also present at the meeting were senior officials of the Ministry of Foreign Affairs.

အသိပေးကြေညာခြင်း
08/31/2024

အသိပေးကြေညာခြင်း

08/31/2024

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်အား လက်ခံတွေ့ဆုံ

(၂၈-၈-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ (၁၁၀၀) နာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး အပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*********************************
Deputy Minister for Foreign Affairs receives Ambassador Extraordinary and Plenipotentiary of the Russian Federation to the Republic of the Union of Myanmar

(28-8-2024, Nay Pyi Taw)

U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received Ambassador Extraordinary and Plenipotentiary of the Russian Federation to the Republic of the Union of Myanmar H.E. Mr. Iskander Azizov at 1100 hrs on 28 August 2024 at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, they cordially exchanged views on matters pertaining to the further enhancement of the friendly bilateral relations and mutually beneficial cooperation between the two countries as well as closer collaboration in regional and multilateral contexts.

08/31/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအားလက်ခံတွေ့ဆုံ

(၂၇-၈-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား ၂၇-၈-၂၀၂၄ ရက်၊ (၀၉၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၌ တရုတ်နိုင်ငံမှ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

*********************************
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Ms. Ma Jia, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to Myanmar

(27-8-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Ms. Ma Jia, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to Myanmar, at 0900 hrs on 27 August 2024 at the Ministry of Foreign Affairs, Nay Pyi Taw.

During the meeting, they cordially discussed the matters pertaining to the further consolidation of the existing Pauk-Phaw relations and implementation of mutually beneficial cooperation between the two countries, China’s consistent support towards peace and sustainable social-economy development for Myanmar. Both sides also exchanged views on closer collaboration in regional and international arena, especially ASEAN and the United Nations.

Announcement to Travelers Entering Myanmar through International Airports, Seaports and through Cross Border Points of E...
08/22/2024

Announcement to Travelers Entering Myanmar through International Airports, Seaports and through Cross Border Points of Entry (POEs) to submit Health Declaration Form
(22 August 2024)

Following the declaration of Mpox as Public Health Emergency of International Concern (PHEIC) by the World Health Organization (WHO) on 14 August 2024, all travelers entering Myanmar through International Airports, Seaports and Cross Border Points of Entry (POEs) are required to submit duly-filled Health Declaration Form issued by the Ministry of Health of Myanmar, upon arrival to Myanmar, with effect from 22 August 2024.

အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများ ကျန်းမာရေးကြေညာချက်ပုံစံ ဖြည့်စွက်ရမည်ဖြစ်ကြောင်း ကြေညာချက်
(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ၁၄-၈-၂၀၂၄ ရက်တွင် ကြေညာခဲ့ရာ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်များမှတစ်ဆင့် ၂၂-၈-၂၀၂၄ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ပြည်ပခရီးသွားများအနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးကြေညာချက်ပုံစံ (Health Declaration Form) တွင် ပြည့်စုံစွာ ဖြည့်စွက်၍ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် တင်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

08/21/2024

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (United Nations Population Fund−UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၂၁-၈-၂၀၂၄၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

***********************************
Deputy Minister for Foreign Affairs receives UNFPA Representative to Myanmar

(21-8-2024, Nay Pyi Taw)

U Lwin Oo, Deputy Minister of the Ministry of Foreign Affairs of the Republic of the Union of Myanmar received Mr. Jaime Nadal Roig, Representative of the United Nations Population Fund (UNFPA) to Myanmar at 11:00 hrs. on 21 August 2024 at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, they exchanged views on matters pertaining to the existing cooperation between the Government of Myanmar and UNFPA, and future activities of UNFPA in Myanmar.

Also present at the meeting were the senior officials of the Ministry of Foreign Affairs.

08/21/2024

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲတို့အား လက်ခံတွေ့ဆုံ

(၁၉-၈-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid တို့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

************************************
U Lwin Oo, Deputy Minister for Foreign Affairs receives UN Resident and Humanitarian Coordinator a.i. (UN RC/HC a.i.) and Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA)

(19-8-2024, Nay Pyi Taw)

U Lwin Oo, Deputy Minister for Foreign Affairs received Mr. Marcoluigi Corsi, United Nations Resident and Humanitarian Coordinator a.i. (UN RC/HC a.i.), and Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA) in Yangon at 1100 hrs on 19 August 2024 at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, they exchanged views on matters related to the existing cooperation between the Government of Myanmar and the United Nations agencies.

Also present at the meeting were senior officials of the Ministry of Foreign Affairs.

08/15/2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

(၁၅-၈-၂၀၂၄ ရက်၊ ရန်ကုန်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ၁၅-၈-၂၀၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မွန်းကိုးဝီစစ်စတန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

**********************************

Deputy Prime Minister and Union Minister for Foreign Affairs leaves for Thailand to attend Mekong-Lancang Cooperation Foreign Ministers’ Meeting

(15-8-2024, Yangon)

Myanmar delegation led by U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs left for Thailand on 15 August 2024 to attend the 9th Mekong-Lancang Cooperation Foreign Ministers’ Meeting in Chiang Mai. The delegation was seen off at the Yangon International Airport by Ambassador of the Kingdom of Thailand to Myanmar Mr. Mongkol Visitstump and senior officials from the Ministry of Foreign Affairs.

08/13/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြား ရေးဝန်ကြီးဌာန ဦးသန်းဆွေထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စမာကျားလာရောက်ဂါရဝပြုတွေ့ဆုံ
(၁၃-၈-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြား ရေးဝန်ကြီးဌာန ဦးသန်းဆွေထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စမာကျားက ၁၃-၈-၂၀၂၄ ရက် (၁၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ၎င်း၏သံအမတ်ကြီး ခန့်အပ်လွှာ မိတ္တူကို ပေးအပ်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့အပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

*************************************

Ms. Ma Jia, Ambassador- designate of the People’s Republic of China to the Republic of the Union of Myanmar paid a courtesy call to H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar
(13-8-2024, Nay Pyi Taw)

Ms. Ma Jia, Ambassador- designate of the People’s Republic of China to the Republic of the Union of Myanmar paid a courtesy call and presented a copy of her letter of credence to H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar at 1000 hrs on 13 August 2024 at the Ministry of Foreign Affairs, Nay Pyi Taw.

During the meeting, Deputy Prime Minister and Union Minister for Foreign Affairs congratulated Ms. Ma Jia on her appointment as the Chinese Ambassador to Myanmar and they cordially discussed the matters pertaining to the further enhancement of the existing “Pauk-Phaw” relations, the acceleration of Myanmar-China bilateral relations, and the mutually beneficial cooperation in both regional and international arena, especially in ASEAN and United Nations.

Address

2300 S Street NW
Washington D.C., DC
20008

Opening Hours

Monday 9:30am - 5pm
Tuesday 9:30am - 5pm
Wednesday 9:30am - 5pm
Thursday 9:30am - 5pm
Friday 9:30am - 5pm

Telephone

+12023323344

Alerts

Be the first to know and let us send you an email when Myanmar Embassy Washington DC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Embassy Washington DC:

Share


Other Consulates & Embassies in Washington D.C.

Show All